background cover of music playing
All About Love - Oak Soe Khant

All About Love

Oak Soe Khant

00:00

04:50

Similar recommendations

Lyric

လက်ယက်မခေါ်ပဲ ရောက်လာတယ်

အိုမင်းအကြောင်းတွေ ညဘက်ဆိုလည်း အိပ်မက်ထဲ

ဝင်လာတော့ခက်တယ်

ဒါပေမဲ့ ချစ်တယ်

အရိပ်ပြရုံနဲ့ သိပါတယ်

ငါမင်းစိတ်ကိုချစ်တတ်တဲ့အသဲရှိပေမဲ့

နယ်လွန်ဖို့ကြောက်တယ်

ဒါပေမဲ့ ချစ်တယ်

လူကြားထဲမှာ ငိုမဲ့မဲ့နဲ့

မဆိုင်တဲ့စကားတွေ ရှောက်ပြောမိတာ

ငါချစ်မိလို့လား မသိစိတ်တွေက

မင်းဆီ စွန်လိုပျံဝဲသွား

လေထဲတိုက်ဆောက်တာ နောင်တမရဘူးကွာ

ငါချစ်မိနေတာ မင်းသိရင်များ

ကဲ့ရဲ့လို့နင် လှောင်နေမလား...

လူသားတိုင်းအချစ်မှာ ကျရှုံးရင်းနဲ့ရူးနေတာ

ပြဇာတ်တစ်ပုဒ်မှန်းသိပေမဲ့ ငါဆက်ကမယ်

စကားတစ်ခွန်းမှာ အထပ်ထပ်ကြေကွဲ

နင်မမြင်တဲ့အချစ်တွေ ငါဟာထုတ်မပြရဲ

အိပ်မက်ဆိုလည်း ဆက်မက်ရင်း

ကျေနပ်ပါ့မယ် ဘဝနဲ့ယှဉ်ပြီး ချစ်ပါတယ်

ကိုယ်ဖွင့်ပြောလိုက်ရင်

သူအထင်သေးသွားမလား

လူကြားထဲမှာ ငိုမဲ့မဲ့နဲ့

မဆိုင်တဲ့စကားတွေ ရှောက်ပြောမိတာ

ငါချစ်မိလို့လား မသိစိတ်တွေက

မင်းဆီ စွန်လိုပျံဝဲသွား

လေထဲတိုက်ဆောက်တာ နောင်တမရဘူးကွာ

ငါချစ်မိနေတာ မင်းသိရင်များ

ကဲ့ရဲ့လို့နင် လှောင်နေမလား...

လူသားတိုင်းအချစ်မှာ ကျရှုံးရင်းနဲ့ရူးနေတာ

လူကြားထဲမှာ ငိုမဲ့မဲ့နဲ့

မဆိုင်တဲ့စကားတွေ ရှောက်ပြောမိနေတာ

ငါချစ်မိလို့လား မသိစိတ်တွေက

မင်းဆီ စွန်လိုပျံဝဲသွား

လေထဲတိုက်ဆောက်တာ နောင်တမရဘူးကွာ

ငါချစ်မိနေတာ မင်းသိရင်များ

ကဲ့ရဲ့လို့နင် လှောင်နေမလား...

လူသားတိုင်းအချစ်မှာ ကျရှုံးရင်းနဲ့ရူးနေတာ

Dah.dada.dadada.dadadadada.dada.

Oh.oh.oh

Dah.dada.dadada.dadadadada.dada.

(Thanks)

- It's already the end -