background cover of music playing
Ngar Nint Ko Mone Tal - Sai Sai Kham Leng

Ngar Nint Ko Mone Tal

Sai Sai Kham Leng

00:00

04:42

Similar recommendations

Lyric

ဆုံမှတ်တို့လွဲချော်ကာ လေထဲလွင့်ပျောက်ကွယ်သွား

ရင်ထဲသိမ်းထားတဲ့ အမှတ်တရ အနမ်းတွေ အကုန်ပြန့်ကျဲသွား

ငါချစ်ခဲ့ဖူးသူပါ ငါ နင့်အတွက် အသက်ရှင်ခဲ့လည်း

နာကျည်းတဲ့ မျက်ရည်စက်တွေနဲ့လေ အကုန်ပြိုလဲပြီ

ငါနင့်ကို မုန်းတယ်

မျက်ကန်းတစ်ယောက်လိုပေါ့ ငါဒီမှာ လမ်းပျောက်နေပြီ

အကြိမ်ကြိမ်မက်ခဲ့တဲ့ အိပ်မက်မြစ်တွေ ခန်းခြောက်နေပြီ

ဘယ်လိုမှ လွမ်းလောက်စရာမရှိတော့ပါ နေ့ရက်တွေက

တကယ်နာကျည်းချက် တွေများခဲ့ပြီ ပင့်သက်တွေချ

မနေ့တနေ့ကလိုပဲ အဖြစ်အပျက်တွေက

အရာရာပြောင်းလဲလို့သွားခဲ့ မျှော်လင့်ချက်တွေများ

ဒါဖြေရှင်းချက်တွေလားလို့ မေးတော့ မင်းမျက်ရည်ကျ

အချိန်တွေကြာလာတော့လည်းသိပြီ ဂျင်းထည့်နေတာ

မင်းကအလုပ်သိပ်များတယ် ပြောပြီး ဖုန်းပိတ်ထားတယ်

ငါတန်ဖိုးထားပြီး ပေးဆပ်ခဲ့သမျှ ရှုံးနိမ့်သွားတယ်

တစ်နေ့မတွေ့ရင် ကိန္နရီတွေလို ချောင်းခြားပါသတဲ့

မင်းဓာတ်ပုံထဲကကောင်က ဘယ်က သူတောင်းစားပါလဲ

စိတ်ကုန်ပါပြီ မျက်စိစုံမှိတ်ယုံစရာမရှိ

အရာရာမင်းနဲ့ ပတ်သက်ခဲ့သမျှ ဆိတ်သုန်းပါပြီ

ဇရှိတဲ့ မင်းရဲ့နှလုံးသား စရိုက်ဆန်သောအခါ

ငါ့အချစ်နဲ့ မင်းနဲ့လုံးဝ မထိုက်တန်တော့ပါ

ငါနင့်ကိုမုန်းတယ် ငါနင့်ကိုမုန်းတယ်

ဖြေရှင်းစရာဘာမှ မရှိတော့ဘူး

တခါက ပေးဆပ်ဖူးတဲ့ အချစ်များစွာ

ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ

ငါနင့်ကိုမုန်းတယ်

ငါနင့်ကိုမုန်းတယ် ဒီနေ့နောက်ဆုံးပဲ

နင်ငါ့ကို ဖုံးကွယ်ထားတယ် မျက်နှာက မဲ့ပြုံးနဲ့

နင်ပြောတဲ့ စကားလုံးတွေ ငါ့အတွက်လက်ပစ်ဗုံးပဲ

သုံးနှစ်စာ ပတ်သက်ခဲ့သမျှ အခုကျတော့နိဂုံးပဲ

ပြောပါဦး ငါတစ်ယောက်တည်း မှားတာလား

အရွဲ့တိုက်တယ်တိုက်တယ် ပြောပြီး နောက်တစ်ယောက်နဲ့သွားတာက

မင်းဖုန်းကိုလု message တွေပြစမ်း ဘာသဘောလဲဒါ

အချိန်းအချက်တွေလုပ်တာထားတာ သူငယ်ချင်းလို့ ပြောမှာလား

လက်ညှိုးနဲ့ထိုး ငေါက်ငေါက်ထိုးပြီး စွပ်စွဲလိုက်တယ်

နံရံပေါ်က ပန်ချီကားတွေ ဓာတ်ပုံတွေဆုတ်ဖြဲလိုက်တယ်

လက်သည်းနဲ့ကုတ် ပါးတွေရိုက်တော့ အော်ဆဲလိုက်တယ်

Tv တွေ မှန်တင်ခုံတွေ ငါမြင်မြင်ရာရိုက်ခွဲလိုက်တယ်

သွားထွက်သွားထွက်သွား နင်ကငါ့အတွက် ဒဏ်ရာပဲ

ငါ့ဘဝကိုက ကံတွေဆိုးတဲ့ကြမ္မာပဲ

နင့်မျက်နှာ နောက်တစ်ခါတွေ့ရင် တွေ့တဲ့နေရာမှာရန်ရှာမယ်

နောက်ဘဝသံသရာ အဆက်ဆက် နင်ဘယ်တော့မှပြန်မလာနဲ့

ငါနင့်ကိုမုန်းတယ် ငါနင့်ကိုမုန်းတယ်

ဖြေရှင်းစရာဘာမှ မရှိတော့ဘူး

တခါက ပေးဆပ်ဖူးတဲ့ အချစ်များစွာ

ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ

ငါနင့်ကိုမုန်းတယ်

ငါအခုတော့သိပြီ ရင်ကိုတည့်တည့် ထိပြီ

နင်လေလုံးဝ မငဲ့ညှာ ခံနိုင်စွမ်းလည်းမရှိပြီ

ရှေ့ဆက်ပြီး ဘယ်လိုနေရမလဲ မတွေးတတ်တဲ့အစွန်း

ငါ့လက်ငါ ဘလိတ်ဓားနဲ့သွေး ထွက်အောင်မွှန်း

အချစ်ဆိုတာ အရင်ကတော့ အဖျားငွေ့ငွေ့ပဲ

ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကြာလာတော့လည်း အပူကြီးလာတယ်

ငါဒီမှာနင်နဲ့ ပတ်သက်သမျှ ဘာမဆိုအယူသည်းပါတယ်

တကယ်ဆိုရင် သံယောဇဉ်က အပူမီးပါပဲ

နင်ကမေတ္တာတွေစူးမှာ

နင်က သစ္စာမဲ့ဘီလူးမ

ဝဋ်ကြွေးကြောင့်ဆုံလာရတဲ့ အချစ်မပါတဲ့ဖူးစာ

ငါရူးခါအောင် မင်းကို တောင့်တငတ်မွတ်နေလည်း

ရည်းစားအဖြစ်က စွန့်လွှတ်လိုက်ပြီ လွမ်းဆွတ်မနေနဲ့

ငါနင့်ကိုမုန်းတယ် ငါနင့်ကိုမုန်းတယ်

ဖြေရှင်းစရာဘာမှ မရှိတော့ဘူး

တခါက ပေးဆပ်ဖူးတဲ့ အချစ်များစွာ

ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ

ငါနင့်ကိုမုန်းတယ် ငါနင့်ကိုမုန်းပါတယ်

ဖြေရှင်းစရာဘာမှ မရှိတော့ဘူး

တခါက ပေးဆပ်ဖူးတဲ့ အချစ်များစွာ

ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ ရုပ်သိမ်းပြီ

ငါနင့်ကိုမုန်းတယ်

ငါနင့်ကို မုန်းတယ်

- It's already the end -