background cover of music playing
Midnight Rain - Floke Rose

Midnight Rain

Floke Rose

00:00

03:26

Song Introduction

暂时没有该首歌曲的相关资讯。

Similar recommendations

Lyric

မျက်လုံးဖွင့်တိုင်းမှာ မှောင်မည်းနေ

အုတ်ခဲများစီထားတဲ့ ပြတင်းပေါက်တွေ

ခရမ်းရောင်သန်းတဲ့တိမ်တိုက်တွေက

ရွာချတဲ့ နေကြာပန်းပွင့်များ

မျက်စဉ်းခတ်ဖို့မေ့နေတဲ့ ငါ့ရဲ့ အံဆုံးကြားမှာ

ကြယ်ပန်းလေးတွေဝေ ...

ရောင်စုံသက်တန့်များအလယ်

အဖြူအမည်းဓာတ်ပုံလေး ...

Midnight Rain

မိုးရေစက်တွေကြားထဲမှာ

ကိုယ့်ကိုမင်းချန်ထားခဲ့တာ

Midnight Rain

သူယောင်သီးလေး

ရောင်နီမလာခင်ပြန်ခဲ့ပါတော့လား

ကြမ်းပြင်အောက်က ခေါင်မိုးလေး

မင်းဟာ ကျောက်စရစ်ခဲလေး

မင်းဟာ သစ်ရွက်လေး

မင်းဟာ သွေးကြောလေး

လိပ်ပြာလေး

မင်းဟာ ငါ့ကိုထားပြီးတော့

ဘယ်တော့မှ ပြန်လာမဟုတ်တော့တဲ့

ဥဩလေး ...

မှန်ကစီးလို့ကျတဲ့ရေစက်တွေနဲ့လေ

မျက်ရည်ဟာရော

ပုံမှန်မဟုတ်တဲ့ ငါ့ရဲ့အိပ်မက်တွေ

ဆက်လေ မက်နေမှာပေါ့

နှလုံးသားရဲ့ အပိုင်းအစလေး

ရောက်တဲ့အရပ်မှာ အစဉ်အေးချမ်းစေ

မမှတ်မိတော့တဲ့ မျက်နှာလေး

အဆင်ပြေပါစေ

Midnight Rain

မိုးရေစက်တွေကြားထဲမှာ

ကိုယ့်ကိုမင်းချန်ထားခဲ့တာ

Midnight Rain

သူယောင်သီးလေး

ရောင်နီမလာခင်ပြန်ခဲ့ပါတော့လား

- It's already the end -